
Dagon Friendly Tournament ရည်ရွယ်ချက်နှင့် Dagon University Esports အနာဂတ်✨
🏆 UEN x KBZPay ပူးပေါင်းစီစဉ်ပေးတဲ့ Dagon Friendly Tournament ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Dagon University (DGU) က Esports ဝါသနာရှင် ကျောင်းသားကျောင်းသူတွေအတွက် ကိုယ်ရည်ကိုယ်သွေးပြသနိုင်ဖို့၊ ပြိုင်ပွဲအတွေ့အကြုံတွေရရှိစေဖို့ စတဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့ပဲဖြစ်ပါတယ်။
🌟 Uni League 2024 မှာ Dagon University အသင်းရဲ့ ထူးချွန်တဲ့အောင်မြင်မှုတွေဟာ ဒဂုံတက္ကသိုလ် Esports နယ်ပယ်အတွက် အလားအလာရှိကြောင်းကို ပြသခဲ့ပြီးပါပြီ။ ဒီ Dagon Friendly Tournament ကတော့ DGU ရဲ့ Esports အသိုင်းအဝိုင်းကို ပိုမိုခိုင်မာစေဖို့၊ ပါရမီရှင်အသစ်တွေ ဆက်လက် မွေးထုတ်ပေး နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။
🤝 ဒီပြိုင်ပွဲအတွက် ကျင်းပမယ့် အခမ်းအနားဟာ ဒဂုံတက္ကသိုလ် Esports နယ်ပယ်ရဲ့ ကြီးထွားလာမှုကို ဂုဏ်ပြုဖို့၊ ပါဝင်သူအားလုံးကို ကြိုဆိုဖို့နဲ့ အနာဂတ်အတွက် စုပေါင်းအားပေးမှုတွေ စတင်ဖို့ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။
💪 UEN ကနေ DGU ကျောင်းသားတွေအပြင် နိုင်ငံအနှံ့တက္ကသိုလ်ကျောင်းသားကျောင်သူတွေရဲ့ Esports ခရီးလမ်းကိုပါ ဆက်လက်ပံ့ပိုးပေးသွားမှာပါ။ ဒါကြောင့် အတူတူအားပေးလိုက်ကြရအောင်..
#UEN #MESF #UniversityEsports #DagonFriendlyTournament
#KBZPay #MyanmarEsportsCommunity
#Esports