
ဂုဏ်ယူဖွယ်ရာ မြန်မာ့ Esports အောင်ပွဲ
Yangon Galacticos, PMWC 2025 ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူး 🏆💜
University Esports Network (UEN) အနေဖြင့် ၂၀၂၅ Esports ကမ္ဘာ့ဖလား၏ PMWC (PUBG Mobile World Cup) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းဖြစ်သည့် Yangon Galacticos က ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်ကို လွန်စွာ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
Qualifier အဆင့်ဖြစ်သည့် PMCL (PUBG Mobile Challengers League) မှစတင်ကာ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းအသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့သော Yangon Galacticos သည် ၎င်းတို၏ တိကျသော နည်းဗျူဟာများ၊ လက်မလျော့သော စိတ်ဓာတ်များဖြင့် ယခုနှစ် ကမ္ဘာ့ဖလားတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့ပါသည်။
ဆုကြေးငွေ ဒေါ်လာ ၅၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂၀,၀၀၀ ကျော်) ကို ရရှိခဲ့သည်သာမက၊ မြန်မာနိုင်ငံရှိ Esports ကစားသမားများ၊ အထူးသဖြင့် တက္ကသိုလ်လူငယ်များအတွက်လည်း တက်လှမ်းနိုင်သည့် လမ်းကြောင်းသစ်တစ်ခုကို ပွင့်လင်းစွာ ဖော်ပြနိုင်ခဲ့ပါသည်✨
ဤအောင်မြင်မှုသည် မြန်မာ့လူငယ်များအတွက် ကြီးမားသော စိတ်ဓာတ်ခွန်အားဖြစ်ပြီး၊ UEN မှလည်း ယခုကဲ့သို ပါရမီရှင် Esports ကြယ်ပွင့်များကို ဆက်လက်ပြုစုပျိုးထောင်ရန်နှင့် မြှင့်တင်ပေးရန် အစဉ်တစိုက် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။
မြန်မာ့ Esports သမိုင်းတွင် မှတ်တိုင်စိုက်ထူနိုင်ခဲ့သော Yangon Galacticos အား UEN နှင့်အတူ ဂုဏ်ပြုလိုက်ကြပါစို 👏💜
#UEN #MESF #UniversityEsports #PMWC2025 #EsportsWorldCup
#YangonGalacticos #MyanmarEsportsCommunity
#News