


VEC25 Program : Play & Punish ⚔️✨
VEC2025 ရဲ့ ပထမ Program အစီအစဥ်လေး ပြီးသွားတဲ့နောက်မှာတော့ VEC25 တက္ကသိုလ် Esports အသင်းတွေရဲ့ Players နဲ့ Cheerleader လေးတွေ ပါဝင်ရိုက်ကူးထားတဲ့ Play & Punish (MLBB) Game Program ကို အပိုင်းကိုးပိုင်းနဲ့အတူ...
ယနေ့ ညနေ 5 နာရီခွဲမှာ စတင်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ ဒီနောက်ဆုံး Program လေးကိုတော့ တနေ့ နှစ်ပိုင်းနှုန်းနဲ့ ထုတ်လွင့်ပြသပေးသွားမှာပါ📺💙
ဒီ VEC25 Play & Punish Program လေးကိုတော့ Varsity Esports Championship 2025 ရဲ့ Main Partner ဖြစ်တဲ့ KBZPay ကနေ အဓိကပံ့ပိုးပြီး VEC25 ရဲ့ အသင်းလိုက် Player တွေနဲ့ Cheerleader လေးတွေက မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။
Varsity League ပရိသတ်ကြီးအတွက် VEC25 ရဲ့ နောက်ဆုံး Program လေးကို ဒီနေ့ညနေမှာ စတင်ထုတ်လွင့်ပေးတော့မှာမလို့ ဆက်လက်စောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်..
"The Stars of The Future"
#VEC2025 #UEN #MESF
#VarsityEsportsChampionship
#VEC25Program #KBZPay
#Esports