


Best of Luck to Yangon Galacticos for M7 Journey 💜
မြန်မာ့ MLBB လောကရဲ့ စံပြအသင်းတစ်သင်းဖြစ်တဲ့ Yangon Galacticos (YG) ဟာ အခုဆိုရင် မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ကမ္ဘာ့အဆင့် M7 World Championship ပြိုင်ပွဲမှာ သမိုင်းသစ်စိုက်ထူဖို့ အဆင်သင့်ဖြစ်နေပြီပဲ ဖြစ်ပါတယ်။
University Esports Network (UEN) အနေနဲ့ မြန်မာနိုင်ငံရဲ့ Esports စွမ်းဆောင်ရည်ကို နိုင်ငံတကာစင်မြင့်ထက်မှာ ဂုဏ်ယူစွာ ထုတ်ဖော်ပြသမယ့် မြန်မာအသင်းကို အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ YG အသင်းရဲ့ ခိုင်မာတဲ့ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုတွေဟာ ကမ္ဘာ့အဆင့်မှာ "Myanmar Pride" ကို ဝင့်ထည်စေလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။
YG အသင်းသားများအားလုံး ပြိုင်ပွဲတစ်လျှောက် အောင်မြင်မှုမှတ်တိုင်များစွာ စိုက်ထူနိုင်ပါစေ၊ အောင်ပွဲများနှင့်အတူ ပြန်လည်ရောက်ရှိပါစေကြောင်း University Esports Network (UEN) မှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်💙
#UEN #MESF #MyanmarUniversityEsports
#MyanmarEsportsCommunity #YangonGalacticos
#Announcement