


မြန်မာနိုင်ငံ ဆေးတက္ကသိုလ် Esports အသင်းတွေပါဝင်မယ့် Land of Dawn က အားပြိုင်မှုကြီးတစ်ခုကတော့ Varsity League ရဲ့ Regional Varsity Tour အနေနဲ့ ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ!
Regional Varsity Tour ဆိုတာကတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က University Esports Network (UEN) အဖွဲဝင်များဖြစ်တဲ့ တက္ကသိုလ် Esports အသင်းတွေထဲကမှ Region အလိုက် ချစ်ကြည်ရေးအနေနဲ့ ယှဥ်ပြိုင်ဆော့ကစားကြတဲ့ Varsity League ရဲ့ Tour တစ်ခုဖြစ်သလို၊ Region အလိုက် University Esports Association (UEA) တွေက UEN နဲ့အတူ လက်တွဲပြီး ဦးဆောင်ပုံဖော်ပေးနေမယ့် ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
အခုတစ်ခါ Regional Varsity Tour ရဲ့ ပထမဆုံးချစ်ကြည်ရေးပွဲစဥ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆေးတက္ကသိုလ်တွေ စုစည်းပြီး ရင်းနှီးမှု၊ အားကစားစိတ်ဓာတ် ပိုမိုခိုင်မာလာစေဖို့အတွက် UM1EA Invitational Cup ပြိုင်ပွဲကို University of Medical 1 . Yangon Esports Association (UM1EA) ကနေ UEN နဲ့အတူ ဦးဆောင်ကျင်းပပေးသွားတော့မှာပဲ ဖြစ်ပါတယ်။
အခုလို Regional Varsity Tour ချစ်ကြည်ရေးပွဲစဥ်တွေကို ပရိတ်သတ်တွေ ကြည့်ရှုအားပေးနိုင်ဖို့အတွက် Varsity League နဲ့ UM1 Esports Association Page မှတဆင့် မနက်ဖြန် Feb 6 ကနေ စတင်တိုက်ရိုက်ထုတ်လွင့်ပြသသွားဖို့ ရှိနေပါတယ်။
အခုလို ချစ်ကြည်ရေးပြိုင်ပွဲတွေကို UEA တွေက ဦးဆောင်ကျင်းပပေးမှာ ဖြစ်ပြီး၊ UEN အနေနဲ့ ပိုမိုစနစ်ကျပြီး အဆင့်အတန်းမြင့်မားတဲ့ ပြိုင်ပွဲအတွေ့အကြုံတွေရရှိစေဖို့ လိုအပ်တဲ့အပိုင်းအလိုက် ပံ့ပိုးကူညီပေးသွားမှာပဲ ဖြစ်ပါတယ် 💙
"The Stars of The Future"
#VarsityLeague #UEN #MESF
#RegionalVarsityTour #UM1EA #UM1EAInvitationalCup
#Esports