


"မြန်မာ့ Esports လောက၏ အနာဂတ်ခရီးစဉ်နှင့် တက္ကသိုလ်အဆင့် အားကစားကဏ္ဍ မြှင့်တင်ရေး"
University Esports Network (UEN) သည် မြန်မာနိုင်ငံ၏ Esports အားကစားကဏ္ဍ ပိုမိုခိုင်မာလာစေရန်နှင့် တက္ကသိုလ်ကျောင်းသားလူငယ်များအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါသည်။
ယမန်နေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် Pan Pacific Hotel ၌ Myanmar Electronic Sports Federation (MESF) မှ ကြီးမှူးကျင်းပခဲ့သည့် "Myanmar Esports Summit 2026" သို့ UEN အဖွဲ့သားများ တက်ရောက်ခဲ့ပါသည်။
ဤထိပ်သီးအစည်းအဝေးတွင် MESF ၏ ၂၀၂၆ ခုနှစ်အတွက် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် သိရှိခွင့်ရခဲ့ပြီး၊ အထူးသဖြင့် တက္ကသိုလ်အဆင့် Esports Ecosystem ၏ သိသာထင်ရှားသော တိုးတက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် မဟာဗျူဟာများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
UEN အနေဖြင့် တက္ကသိုလ် Esports အခန်းကဏ္ဍသည် မြန်မာ့ Esports လောကအတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း ယုံကြည်ပြီး၊ MESF နှင့်အတူ ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျောင်းသားလူငယ်များ၏ စွမ်းဆောင်ရည်ကို ကမ္ဘာ့အဆင့်မီ မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
"Navigating the Future of Myanmar Esports: UEN at Myanmar Esports Summit 2026"
The University Esports Network (UEN) remains committed to strengthening the esports landscape in Myanmar and creating meaningful opportunities for university students nationwide.
On February 18, 2026, the UEN team had the privilege of attending the "Myanmar Esports Summit 2026," hosted by the Myanmar Electronic Sports Federation (MESF) at the Pan Pacific Hotel.
The summit provided a platform to explore MESF's comprehensive Workplan for 2026, with a significant focus on the evolution of the collegiate esports ecosystem. We engaged in discussions regarding the progress made within university-level sports and the strategic roadmap for the upcoming seasons.
At UEN, we believe that the university esports sector is a vital pillar for the growth of competitive gaming in Myanmar. In collaboration with MESF, we will continue to empower student athletes and build a sustainable pathway for talent development through inclusive and professional tournament structures.
#UEN #MESF
#MyanmarUniversityEsports
#MyanmarEsportsSummit2026
#Announcement