


" MSL Myanmar S3 ရဲ့ Knockout Stage ကို တက်ရောက်သွားပြီ ဖြစ်တဲ့ KBTC "
V Road to MSL MM S3 ရဲ့ Swiss Stage မှာ တက္ကသိုလ်ကိုယ်စားပြု ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ KBTC College ဟာ အမှားအယွင်းမရှိတဲ့ လက်ရည်နဲ့အတူ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး Knockout Stage ဆီသို့ ၃ ပွဲဆက်တိုက် အနိုင် (3-0 Record) နဲ့ တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်✨
တက္ကသိုလ် Esports အဆင့်အတန်းက ဘယ်လောက်အထိ မြင့်မားတယ်ဆိုတာကို MSL လိုမျိုး ပြင်းထန်တဲ့ စင်မြင့်ထက်မှာ သက်သေပြလိုက်တာပါပဲ။ အခုဆိုရင် KBTC ဟာ နောက်တစ်ဆင့်မှာ ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။
တက္ကသိုလ်ကျောင်းသားထု တစ်ရပ်လုံးက ဂုဏ်ယူရတဲ့ KBTC အနေနဲ့ Knockout Stage မှာလည်း အောင်ပွဲတွေ ဆက်လက်သိမ်းပိုက်နိုင်ပါစေလို့ Varsity League နဲ့ UEN မှလည်း ထပ်မံဆုမွန်ကောင်း တောင်းလိုက်ပါတယ်!
ဒါ့အပြင် ကျန်ရှိနေသေးတဲ့ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကိုယ်စားပြုအသင်းတွေလည်း KBTC လိုပဲ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ပရိသတ်ကြီးက ဆက်လက်အားပေးပေးကြပါဦးနော်!
Congratulations KBTC Esports Association 🤍👏
#VarsityLeague #UEN #MESF
#VRoadtoMSL #SwissStage
#Esports