


" Campus Clash : University Qualifier 2026 "
University Esports Network (UEN) မှ ဦးဆောင်ကျင်းပလျက်ရှိတဲ့ Varsity League တက္ကသိုလ်အခြေပြု Esports ပြိုင်ပွဲများထဲမှ Varsity Esports Championship မတိုင်မှီ University Qualifier Stage အားလုံးကို စနစ်တကျရှိပြီး၊ Professional ကျတဲ့ ပြိုင်ပွဲများအဖြစ်သို အဆင့်မြှင့်တင်ပေးသွားမယ့် Campus Clash (University Qualifier) Project ကို စတင်မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။
Campus Clash ဆိုတာက UEN ရဲ့ မိတ်ဖက်အဖွဲဝင်များဖြစ်တဲ့ တက္ကသိုလ်ကောလိပ်တွေရဲ့ University Qualifier Esports ပြိုင်ပွဲများကို ပိုမိုကောင်းမွန်တဲ့ နောက်တစ်ဆင့်အထိ အဆင့်မြှင့်တင်ပေးနိုင်မယ့် Project တစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ ပြိုင်ပွဲအရည်အသွေးကို မြှင့်တင်ပေးရုံသာမက၊ တက္ကသိုလ်ကောလိပ်များကိုယ်တိုင် ရေရှည်တည်တံ့တဲ့ Esports Ecosystem များကိုလည်း ဆက်လက် ဖော်ဆောင်နိုင်ဖိုအတွက် အကူအညီပေးသွားမှာဖြစ်ပါတယ်။
🎮 Campus Clash ဟာ တက္ကသိုလ် Esports အဖွဲနဲ့ ကစားသမားတွေအတွက်သာမက Esports ကို ချစ်မြတ်နိုးတဲ့ ကျောင်းသားထုတစ်ရပ်လုံးအတွက် Experience ကောင်းများစွာကို ပေးစွမ်းသွားနိုင်မှာဖြစ်ပါတယ်။
▪️University Esports Network (UEN) ရဲ့ စံနှုန်းများနဲ့အညီ ကျင်းပပြုလုပ်သွားမယ့် တက္ကသိုလ်အဆင့် Esports Qualifier ပြိုင်ပွဲများ။
▪️ကျောင်းသားများအတွက် Esports နယ်ပယ်မှာ Talent Pathways & Workshop စတဲ့ အခွင့်အလမ်းများ။
▪️ကျောင်းသား/သူအဖွဲများ ကိုယ်တိုင်စီမံမယ့် အရောင်းဆိုင်ခန်းများ၊ Sponsor များရဲ့ Brand Activations များ စသဖြင့် တက္ကသိုလ်ကောလိပ် အလိုက် Categories များစွာလည်း ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
🎒 ပထမဦးစွာ University Esports Network (UEN) အနေဖြင့် မိတ်ဖက်တက္ကသိုလ်ကောလိပ်ကျောင်း (၃၀) မှ စတင်ကာ Campus Clash (University Qualifier) စံနှုန်းများကို စတင်သတ်မှတ်သွားမှာဖြစ်ပြီး၊ နောက်ဆုံးအဆင့်တွင် Esports ကို တက္ကသိုလ်ကောလိပ်များတွင် အားကစားကဏ္ဍတစ်ခုအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသိအမှတ်ပြုလာဖိုအထိ ရည်မှန်းချက်ထားရှိပါတယ်။
တက္ကသိုလ် Esports လောကရဲ့ ခေတ်သစ်တစ်ခုကို Campus Clash : University Qualifier ပြိုင်ပွဲများနဲ့အတူ အားလုံးပဲ ဖွင့်လှစ်လိုက်ကြရအောင်..
"The Stars of The Future"
#VarsityLeague #CampusClash
#UEN #MESF
#MyanmarUniversityEsports
#Esports