


⭐️ VEC 2026 : Entry League Stage Explaning
Entry League Stage ဆိုသည်မှာ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ Qualifier အဆင့်ကို အောင်မြင်ထားသော အသင်းများအတွက် VEC ၏ ပင်မအဆင့် (Division 1 & 2) များသို့ တက်လှမ်းနိုင်ရန် ယှဉ်ပြိုင်ရမည့် ပထမဆုံးအဆင့် ဖြစ်ပါတယ်။ ဤအဆင့်တွင် ပြီးခဲ့သည့် Varsity League မှ အဆင့်သတ်မှတ်ချက်များ အတိုင်း Yangon Region, Private Colleges နှင့် Others Region အပိုင်း၃ပိုင်းဖြင့် Region အလိုက် ခွဲခြားယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Region တစ်ခုချင်းစီ၏ Entry League မှ ထိပ်ဆုံးရရှိသော အသင်း (၂) သင်းစီ သည် Division 2 သို့ တက်ရောက်ခွင့် ရရှိပြီး ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်၊ ထိုမှတစ်ဆင့် ထိပ်ဆုံးရရှိသော အသင်း (၂) သင်းစီ သည် အမြင့်ဆုံးအဆင့်ဖြစ်သည့် Division 1 သို့ နောက် season မှာ ထပ်မံတက်လှမ်းခွင့် ရရှိမှာဖြစ်ပါတယ်။
အဆင့်ဆင့်သော ပြိုင်ပွဲများကို ကျော်ဖြတ်ပြီးနောက် Division 1 မှ ထိပ်ဆုံး (၂) သင်းစီသည် လာမယ့် ဇူလိုင်လတွင် ကျင်းပမည့် Varsity Esports Championship 2026 သို့ တိုက်ရိုက်ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။
⚠️ Division 2 အဆင့်တွင် ရှုံးနိမ့်သွားသော အသင်းများသည် ယခုနှစ်ပြိုင်ပွဲခရီးစဉ် ရပ်နားရမည်ဖြစ်ကာ၊ နောက်နှစ် VEC Season ရောက်မှသာ Entry League အဆင့်မှ ပြန်လည်စတင်၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
ကိုယ့်တက္ကသိုလ်ကို ဂုဏ်ဆောင်နိုင်ဖို့အတွက် အခုကတည်းက အဆင့်သင့်ပြင်ထားကြဖို့တော့ လိုနေပြီနော် !
“The Stars of The Future “
#VEC26 #UEN #MESF
#VarsityEsportsChampionship
#VEC26EntryLeague
#Esports