


🚀 VEC | 2026 Season Varsity Standing
University Esports Network (UEN) မှ ကြီးမှူးကျင်းပလျက်ရှိတဲ့ Varsity Esports Championship 2026 Season ရဲ့ အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တွေပြီးဆုံးပြီးချိန်မှာ တက္ကသိုလ်အသီးသီးရဲ့ လက်ရှိရရှိထားတဲ့ Varsity Points များနဲ့အတူ Standing Ranking ရလဒ်တွေကို ထုတ်ပြန်ပေးလိုက်ပါတယ်။ 🔥
🥇 KMD — Rank 1
Division Stage ကနေ Final Stage အထိ ရှုံးပွဲမရှိတဲ့ performance ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တဲ့ KMD College Esports Team ကတော့ လက်ရှိ VEC 2026 Season Standing ရဲ့ Rank 1 နေရာမှာ ဦးဆောင်နေပါတယ်။
🥈 DGU — Rank 2
အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တွေကြားကနေ ရမှတ်ကောင်းတွေ စုဆောင်းထားနိုင်ခဲ့တဲ့ Dagon University Esports Association ကတော့ လက်ရှိ Standing ရဲ့ Rank 2 နေရာမှာ ရပ်တည်နေပါတယ်။
🥉 YTU — Rank 3
ပွဲစဉ်တိုင်းမှာ အကောင်းဆုံး Performance တွေကို ပြသခဲ့ပြီး မထင်မှတ်ထားတဲ့ Comeback Moments တွေနဲ့ ပရိသတ်တွေကို ရင်ခုန်စေခဲ့တဲ့ YTU Esports Association ကတော့ 1st Runner Up Title ကို ရရှိထားခဲ့ပြီး လက်ရှိ Standing မှာ Rank 3 နေရာကို ရယူထားပါတယ်။
🏅 MMU — Rank 4
VEC 2026 Season တစ်လျှောက် တည်ငြိမ်တဲ့ Performance တွေနဲ့ ဆက်လက်ယှဉ်ပြိုင်လာခဲ့တဲ့ MMU Esports Association ကတော့ လက်ရှိမှာ Rank 4 နေရာအထိ ရောက်ရှိထားပါတယ်။
🏅 UM1 — Rank 5
တစ်ပွဲချင်းစီမှာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်လာခဲ့တဲ့ UM1 Esports Association ကလည်း လက်ရှိ Varsity Standing မှာ Rank 5 နေရာအထိ ရယူထားနိုင်ခဲ့ပါတယ်။
🔥 ဒါပေမယ့် ဒီ Standing ဟာ Final Result မဟုတ်သေးပါဘူး!
လာမယ့်ပွဲစဉ်တွေမှာ အသင်းတွေရဲ့ ရမှတ်တွေ၊ Ranking တွေက ဘယ်လိုပြောင်းလဲသွားမလဲ?
ဘယ်တက္ကသိုလ် Esports အသင်းက မြန်မာနိုင်ငံမှာ အကောင်းဆုံးဖြစ်နေမလဲ၊ ဘယ်အသင်းတွေကတော့ Next Season Ranking ကို ပြန်လည်ပြောင်းလဲနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး! 🚀
(English Version)
🚀 UEN | 2026 Season Varsity Standing
After the intense matches held under the Varsity Esports Championship 2026 Season, organized by the University Esports Network (UEN), we are pleased to announce the current Varsity Points and Standing Rankings of the participating universities.
🔥
🥇 KMD — Rank 1
Maintaining an undefeated performance from the Division Stage all the way through the Final Stage, KMD College Esports Team currently leads the VEC 2026 Season Standing at Rank 1.
🥈 DGU — Rank 2
With strong point collections throughout the intense matches, Dagon University Esports Association currently holds Rank 2 in the Standing.
🥉 YTU — Rank 3
Delivering outstanding performances throughout every match and keeping fans on the edge of their seats with unexpected Comeback Moments, YTU Esports Association secured the 1st Runner Up Title and currently sits at Rank 3 in the Standing.
🏅 MMU — Rank 4
With consistent performances throughout the VEC 2026 Season, MMU Esports Association has currently climbed up to Rank 4.
🏅 UM1 — Rank 5
Continuing to compete with their best efforts in every match, UM1 Esports Association has also reached Rank 5 in the current Varsity Standing.
🔥 However, this Standing is not the Final Result yet!
How will the teams’ points and rankings change in the upcoming matches?
Which university Esports team will stand as the best in Myanmar, and which teams will be able to reshape the Next Season Ranking? Stay tuned and continue following the journey!
#UEN #MESF #UniversityEsportsNetwork #VarsityStanding #VEC2026
#VEC26