


VEC ကဘယ်ကိုချိတ်ဆက်ပေးထားတာလဲ?
၂၀၂၄ ခုနှစ်မှာ တစ်ဖန်ပြန်လည်စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး တက္ကသိုလ် Esports ပြိုင်ပွဲကြီး Unileague ကို အကြီးကျယ် အခမ်းနားဆုံး ကျင်းပခဲ့ကြပါတယ်။
တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ကျောင်းကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Champion Team တွေကို ရွေးချယ်ခဲ့တာပါ။ Unileague မှာတင် ရပ်တန့်မသွားဘဲ မြန်မာနိုင်ငံရဲ့ ကျွမ်းကျင် Esports ကစားသမားတွေပါဝင်တဲ့ MSL (Myanmar Super League) Season 1 သို့ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြပါတယ်။
ဆက်လက်ပြီး ၂၀၂၅ ခုနှစ် VEC 2025 Season မှာ အနိုင်ရရှိခဲ့တဲ့ အသင်းအနေနဲ့လည်းမြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပြိုင်ပွဲကြီးဖြစ်သော National Esports Championship (NEC) သို့ တိုက်ရိုက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
တဖြည်းဖြည်း အရှိန်အဟုန်ပြင်းစွာ ကျင်းပလာတဲ့ တက္ကသိုလ် Esports ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေအနေနဲ့ "ဒီပြိုင်ပွဲတွေကို ဘာကြောင့် ကျင်းပနေတာလဲ?"၊ "တက္ကသိုလ်အဆင့်မှာတင် ရပ်သွားမှာလား?" ဆိုတဲ့ မေးခွန်းတွေ ထုတ်နေကြတာမျိုးလည်း ရှိနိုင်ပါတယ်။ VEC ဟာ တက္ကသိုလ်အဆင့်မှာတင် ရပ်တန့်မသွားဘဲ Pro Scene လမ်းကြောင်းတွေဆီကို စနစ်တကျ ချိတ်ဆက်ပေးထားတာ ဖြစ်ပါတယ်။
Varsity Esports Championship (VEC) MLBB & PUBG Mobile ပြိုင်ပွဲများမှ ချန်ပီယံအသင်းတွေက အမျိုးသားအဆင့် ပြိုင်ပွဲကြီးတွေဖြစ်တဲ့ National Esports Championship (NEC) နှင့် Myanmar Super League (MSL) တို့လို Pro Series League လမ်းကြောင်းတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (MESF) မှ အသိအမှတ်ပြုထားတဲ့ ဒေသတွင်းပြိုင်ပွဲများမှာလည်း "မြန်မာ့တက္ကသိုလ် လက်ရွေးစင်အသင်း" အဖြစ် နိုင်ငံတကာစင်မြင့်ထက်မှာ သွားရောက်ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေးတွေကိုလည်း ရရှိနိုင်ပါတယ်။
တက္ကသိုလ် Esports အသင်းများအနေနဲ့ အဆင့်မြင့် Streaming၊ Caster Reveal နှင့် Main Event Stage ကြီးများပေါ်တွင် ယှဉ်ပြိုင်ခွင့် ရရှိကြတာမလို့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Professional Esports Club များမှ Scout လုပ်ခြင်းကို ခံရပြီး Pro Player သို့မဟုတ် Academy Player အဖြစ် အခွင့်အရေးများ ရရှိစေပါတယ်။
Player အဖြစ် သာမကဘဲ Caster ၊ Analyst ၊ Team Manager ၊ Content Creator နှင့် Event Management စတဲ့ Esports Industry အတွင်းရှိ စိတ်ဝင်စားဖွယ် Career Path အသီးသီးရဲ့ အတွေ့အကြုံများကို ရရှိစေနိုင်တဲ့ Network များကိုပါ စနစ်တကျ တည်ဆောက်နိုင်အောင် UEN အနေနဲ့ ကြိုးစားချိတ်ဆက်ပေးလျက်ရှိပါတယ်။
“One Network, Infinite Possibilities”
#UEN #MESF #MyanmarUniversityEsports
#UniversityEsportsAssociation
#News
#University Esports Association