RISE OF VARSITY LEAGUE

PLAYER RULES BOOK (MLBB)

General Rules

  • ပြိုင်ပွဲအတွင်း ပါဝင်သော အသင်း ကျောင်းသားများအားလုံးသည် ROVL Organizer Team ဘက်မှ တောင်းဆိုသော Promo Video, Photo Shoot, Interview/Rehearsals ကဲ့သို့ကိစ္စများတွင် မဖြစ်မနေ ပါဝင်ပေးရပါမည်။
  • အနိုင်ရရှိသော အသင်းသည် ပြိုင်ပွဲပြီးဆုံးသောအခါတွင် အဆိုပါ Promo Video, Photo Shoot, Interview အစရှိသည့်ကိစ္စအဝဝကို လုပ်ဆောင်ပေးရပါမည်။
  • အဆင့်အတန်းနိမ့်ကျသော ပြုမူပြောဆိုမှုမျိုးကို တားမြစ်ထားပြီး ပြိုင်ပွဲအတွင်းတွင်လည်း ဆဲရေးတိုင်းထွာခြင်းကို တားမြစ်ထားသည်။
  • ကစားသူများသည် တာဝန်ယူစိတ်အပြည့်ဖြင့် ဆော့ကစားရမည်ဖြစ်ပြီး ပြိုင်ပွဲပယ်ဖျက်ခြင်း၊ အကြောင်းအရင်းမဲ့ကစားခြင်း၊ ရပ်နားခြင်းများ ပြုလုပ်ပါက ကစားသူအမူအကျင့်များနှင့် မကိုက်ညီသည်ဟုဆိုကာ ပြိုင်ပွဲမှပင် ထုတ်ပယ်နိုင်သည်။
  • ပြိုင်ပွဲကျင်းပသူများသည် စာရင်းသွင်းထားသော မည်သည့်ကစားသူမဆို အကြောင်းအရင်းခိုင်လုံပါက ကြိုတင်သတိမပေးပဲ ထုတ်ပယ်နိုင်သည်။
  • Qualifier ပြိုင်ပွဲများတွင် မိမိကိုယ်တိုင်မကစားဘဲ တခြားသူအား ဝင်ရောက် ဆော့ကစားစေခြင်းကို လုံးဝခွင့်လွှတ်မည်မဟုတ်ဘဲ အသင်းတစ်သင်းလုံးကို ထိုပြိုင်ပွဲတွင် Disqualified ပေးသွားမည်။

MLBB Game Rules

  1. ကစားသမားတစ်ယောက်၏ လိုအပ်ချက်များ

    • သက်ဆိုင်ရာ တက္ကသိုလ်၏ (၂၀၂၄- ၂၀၂၅) ကျောင်းသားကတ်ကိုင်ဆောင်ထားသူဖြစ်ရမည်။
    • ကျောင်းသားကတ် မရရှိသေးပါက သက်ဆိုင်ရာ တက္ကသိုလ်၏ တာဝန်ရှိသူ သို့မဟုတ် UEA ၏ ထောက်ခံစာလိုအပ်ပါသည်။
    • လက်ရှိ National Esports Championship 2025 တွင် ပါဝင်ကစားနေသော အသင်းများ၏ Coaches များ၊ Player များ ဝင်ရောက်ဆော့ကစားစေခြင်းကို လုံးဝခွင့်လွှတ်မည်မဟုတ်ဘဲ အသင်းတစ်သင်းလုံးကို ထိုပြိုင်ပွဲတွင် Disqualified ပေးသွားမည်။
    • အသင်းတစ်သင်းအတွက် စာရင်းသွင်းပြီးသော ကစားသမားတစ်ဦးသည် အခြားအသင်းများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။
    • ကစားသမားအားလုံးသည် အခါအားလျော်စွာ ပြောင်းလဲသည့် စည်းကမ်းချက်များကို လိုက်နာရမည်။
  2. အသင်းတစ်သင်းတွင် အောက်ပါ လူဦးရေများ ရှိရန်လိုအပ်ပါသည်။

    • ယှဉ်ပြိုင်ဆော့ ကစားမည့် အဓိက ကစားသမား (၅) ဦး၊
    • အရန်ကစားသမား (၂) ဦး၊
    • ထို့အပြင်အရန်ကစားသမား ထည့်မထည့်ကို အသင်းဆုံးဖြတ်ချက်အရ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။
    • အသင်းမှတ်ပုံတင်ခြင်းတွင်အရန်ကစားသမာကိုပါ တစ်ပါတည်း ပူးတွဲစာရင်းသွင်းရန် လိုအပ်သည်။
    • ပြိုင်ပွဲစတင်သည်နှင့် စာရင်းပေးထားသော ကစားသမားအပြောင်းအလဲ လုံးဝခွင့်မပြုပါ။
  3. အသင်းနာမည်၊ နာမည်အတိုကောက် နှင့် ကစားသူအမည်များအတွက် သတ်မှတ်ချက်များ

    • အသင်းနာမည်နှင့် ပြိုင်ပွဲဝင်ကစားသမားများနာမည်တွင် ရိုင်းပျသောစကားလုံးများ၊ နိုင်ငံရေး၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးအမည်များကို ထိခိုက်စေသောစကားလုံးများကို အသုံးပြုခွင့် မပြုပါ။
    • ကစားသမားနာမည်များကို အင်္ဂလိပ်စာလုံးဖြင့်သာရေးသားရမည်ဖြစ်ပြီး စာလုံးအရေအတွက် (၁၂) လုံးထပ် ပိုပြီးရေးခွင့်မပြုပါ။
    • အသင်းများသည် Register နှင့် In-Game များတွင် မိမိ Team Name - Player Name များ ပြုလုပ်ပေးရပါမည်။
    • ကစားသမားများ၏ နာမည်များတွင် စာလုံးအကြီး၊ အသေး နှင့် အင်္ဂလိပ်ဂဏန်း သုညမှ ကိုး (0–9) ထည့်သွင်းရေးသားနိုင်သည်။
    • အသင်းနာမည်အတိုကောက်တွင် စာလုံးအကြီး၊ အသေးနှင့် အင်္ဂလိပ်ဂဏန်း သုညမှ ကိုး  (0–9) ထည့်သွင်းရေးသားနိုင်ပြီး အနည်းဆုံး (၂) လုံးမှ အများဆုံး (၄) လုံးထိသာ ခွင့်ပြုသည်။
    • မူပိုင်ခွင့်ချိုးဖောက်ထားသောတရားမဝင်သုံးစွဲသောအမည်များကို သုံးစွဲခွင့်မပြုပါ။
  4. စာရင်းသွင်းခြင်း ဆိုင်ရာစည်းမျဉ်းများ

    • စာရင်းသွင်းပြီးသည်နှင့် ကစားသမားများကို အတည်ပြုသွားမည်ဖြစ်သည်။
    • ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလအတွင်း မိမိစိတ်ကြိုက် လူစားထိုးခြင်း၊ စာရင်းသွင်း ကစားသမားများပြောင်းလဲဆော့ကစားခြင်း၊ Role များ ပြောင်းလဲကစားခြင်းများကို လုံးဝ (လုံးဝ) ခွင့်ပြုမည်မဟုတ်ပါ။
    • မှတ်ပုံတင်ရာတွင် အသင်းခေါင်းဆောင် (Team Leader) သည် ထိုအသင်း၏ တာဝန်ရှိသူဟု အလိုအလျောက် သတ်မှတ်သွားမည်ဖြစ်ပါသည်။
    • မှတ်ပုံတင်ပြီးသော အသင်းများ၏ ကိုယ်စားပြုအမှတ်တံဆိပ် (Logo) များ၊ အသင်းနှင့်သက်ဆိုင်သော Videos များ၊ ဓာတ်ပုံမှတ်တမ်းများ၊ အခြားမှတ်တမ်းတင်ခြင်းများကို Media များမှဖြစ်စေ (သတင်း) တာဝန်ရှိသူများမှဖြစ်စေ လိုအပ်သလို အသုံးပြုမည်ကို လက်ခံပါသည်ဟု အလိုအလျောက် သတ်မှတ်သွားမည်ဖြစ်ပါသည်။
    • အသင်းနာမည်နှင့် ကစားသမားနာမည်များသည် Players Name Rules စည်းမျဉ်းများ အတိုင်းဖြစ်ရမည်။
    • Registers ဖြည့်သွင်းရာတွင် သတ်မှတ်ထားသောနေရာတွင် မှန်မှန်ကန်ကန် ဖြည့်စွက်ရမည်။ သတ်မှတ်ထားသောနေရာတွင် မှန်ကန်မှုမရှိပါက ပယ်ဖျက်သွားမည်။
  5. ပြိုင်ပွဲအချိန်ဇယား နှင့် စည်းမျဉ်းကမ်းချက်များ

    • ပြိုင်ပွဲစသည်နှင့် ယှဉ်ပြိုင်ရမည့်အသင်းများသည် In-game Lobby အဆင့်သို့ ဝင်ရန်အဆင်သင့် ပြင်ထားရမည်ဖြစ်သည်။
    • သတ်မှတ်ချိန်ထက် ၁၀ မိနစ်နောက်ကျပါက အဆိုပါနောက်ကျသောအသင်းအား အလိုအလျောက်အရှုံးအနေဖြင့် သတ်မှတ်သွားမည်ဖြစ်ပါသည်။
    • မိမိနှင့် ယှဉ်ပြိုင်မည့်အသင်းမှ ထပ်မံစောင့်ဆိုင်းရန် သဘောတူပါက ထပ်မံ၍ ၅ မိနစ်အတွင်း In-game Lobby အဆင့်သို့ ဝင်ရောက်ရမည်ဖြစ်သည်။
    • ငါးမိနစ်ထက် ပို၍နောက်ကျပါက Admin Team ၏ဆုံးဖြတ်ချက်ဖြင့် ထိုပွဲစဉ်အတွက် အရှုံး သတ်မှတ်သွားမည်ဖြစ်သည်။
    • ပြိုင်ပွဲအချိန်ဇယားများကို တရားဝင်ဖော်ပြထားသော Page နှင့် Discord မှတစ်ဆင့် ဖော်ပြသွားမည်ဖြစ်ပါသည်။
  6. In-Game စည်းမျဉ်းကမ်းချက်များ

    • Best of 3 ပွဲစဉ်များတွင် 1st match ရဲ့ 1st pick ကို Coin Toss ပြီး ရွေးချယ်ပါမယ်။ 2nd match တွင် မရွေးချယ်ရသေးသော အသင်းမှ ရွေးချယ်ပြီး နောက်ဆုံးပွဲတွင် Coin Toss ပြီး ရွေးချယ်ပါမယ်။
    • Rise of Varsity League Group Stage မှ စတင်ကာ Tournament mode နှင့် ယှဉ်ပြိုင်ဆော့ကစားရမည်ဖြစ်ပြီး ပြိုင်ဘက်အသင်း၏နောက်ဆုံး Throne Base ကို ချိုးနိုင်လျှင် အနိုင်ရရှိမည်ဖြစ်သည်။
    • ပြိုင်ပွဲတွင် disconnect ဖြစ်သွားပါက League official တစ်ယောက်အား ပြိုင်ပွဲခဏရပ်ပေးရန် တောင်းဆိုနိုင်ပါသည်။နှစ်ဖက်အသင်းမှ ခေါင်းဆောင်များက အဆင်သင့်ဖြစ်ကာ အကြောင်းအရာ ပြန်ပြီးပါမှ League Official က ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်စေပါလိမ့်မည်။
    • Total Pause Time - 5 Minutes (1 minute per pause)
    • ပြိုင်ပွဲကစားနေစဉ်အတွင်း Main Server မှ Error တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာ Admin မှ စိစစ်၍
    • ၎င်းပွဲအား ပြန်လည်ဆော့ကစားစေမည်ဖြစ်ပါသည်။
    • အကြောင်းတစ်စုံတစ်ရာကြောင့် ပြန်လည်ဆော့ကစားခြင်းများဖြစ်လာပါက မူလပွဲ၏ လူစာရင်း၊ In-game နေရာ နှင့် ရွေးချယ်ခဲ့သော Heroes များကို မူလပွဲစဉ်အတိုင်း ပြန်လည်ရွေးချယ်၍ ဆော့ကစားရမည်ဖြစ်သည်။
    • ယှဉ်ပြိုင်ဆော့ကစားနေစဉ်အတွင်း အခြားအကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပါက Admin Team ၏ဆုံးဖြတ်ချက်သည်အတည်ဖြစ်သည်။
    • ပြိုင်ပွဲဝင်များအနေဖြင့် ကစားနေစဉ် live ထုတ်လွှင့်ခွင့်မရှိ။
  7. Bug / Cheats & Hacks

    • ပြိုင်ပွဲကာလအတွင်း Bug ဖြစ်နေသော Heroes, Skins, Items Combo များအား အသုံးမပြုရ။
    • တရားဝင်သက်သေရှိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်။
    • Maps, Skins, Spell များ စသည့် မသင်္ကာဖွယ်ရာ အပြုအမူများ (Cheats) ကစားခြင်းများကို လုံးဝမပြုလုပ်ရ။
    • Third-party apps များ အသုံးပြုသည့် ကစားသမားများကို သိရှိပါက အကြောင်းပြချက်မရှိ ပြိုင်ပွဲမှ ထုတ်ပယ်သွားမည်ဖြစ်ပါသည်။ အသုံးပြုနိုင်သော Third-party apps များသည် အသံပိုင်းဆိုင်ရာ Software များသာ ဖြစ်ပါသည်။ ဥပမာ - Discord, Skype, Messenger
  8. ဆက်သွယ်ရေး အသုံးပြုရမည့် သတ်မှတ်ချက

    • အသင်း၏ခေါင်းဆောင်များသည် ပြိုင်ပွဲအချိန်ဇယား နှင့် ပြိုင်ပွဲအတွက် ကြေညာချက်များကို သိရှိရန် သတ်မှတ်ထားသော တရားဝင် FB PAGE နှင့် ပြိုင်ပွဲအတွက် ဖန်တီးထားသော Discord Group အား ဝင်ရောက်ထားရမည်။
  9. ခက်ခဲသည့်နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ

    • နည်းပညာပိုင်းဆိုင်ရာများ (Software၊ အင်တာနက်) စသည့်အတွက် အသင်းများတွင်သာ တာဝန်ရှိပါသည်။
    • ပွဲစတင်ပြီးသုံး မိနစ်အတွင်းမှာ ထိုပွဲအတွင်း Pick/Ban ခဲ့သော Hero များ၊ Spell များ မူလအတိုင်း Heroes များ မူလလမ်းအတိုင်း ပြန်လည်ဆော့ကစားပေးပါမည်။
    • သုံးမိနစ်ကျော်လွန်ပါက OB ဆုံးဖြတ်ချက်မချခင် အသင်း နှစ်သင်းလုံး၏ အမြင်ကို မေးပြီး မျှတသောဆုံးဖြတ်ချက်ကို ချပေးပါမည်။
    • ထိုချမှတ်သောဆုံးဖြတ်ချက်ကို အသင်း နှစ်သင်းလုံးက လက်ခံရမည်။
    • Report လုပ်ရန်နောက်ကျပါက ပွဲစဉ်များကို ဆက်လက်သွားမည်။
    • မိမိကိုယ်ရေးကိုယ်တာနှင့်ပတ်သက်သောကိစ္စများကြောင့် ပွဲကို ပြန်လည်ဆော့ကစားခြင်းမပြုပါ။
  10. Online Rules

    • Online ကစားရာတွင် ကစားသမား ကိုယ်တိုင်ကစားခြင်း မရှိဘဲ တခြားသူကို ဆော့ကစားခြင်းသည် ပြိုင်ပွဲကစားသူများနှင့် ပြိုင်ပွဲကျင်းပသူများကို မလေးစားခြင်း ဖြစ်ပါသည်။
    • ထို့ကြောင့် ပြုလုပ်သည့် အသင်းနှင့် ကစားသမားအမည်များကို Blacklist စာရင်းတင်သွားမည် ဖြစ်သည်။
    • ကစားသူများအားလုံးသည် ပြိုင်ပွဲမစမီ Lobby တွင် ၂ ဖက်အသင်း စုံလင်ခြင်း၊ မိမိအသင်းသားအားလုံးနှင့် Discord တွင် live လွှင့်ပြီး ဆော့ရပါမည်။ (Qualifier ပွဲများ မပါဝင်ပါ)
    • ထိုအတူ ပွဲပြီးရလဒ် (Post results) တွင်လည်း record ထားရှိရမည်။ (Qualifier ပွဲများ မပါဝင်ပါ)
  11. ပြစ်ဒဏ်များ (MLBB)

    • ပြိုင်ပွဲဝင်များအနေဖြင့် စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့ပါက တာဝန်ရှိသူများ ဆုံးဖြတ်ချက်အရ ကန့်သတ်ထားခြင်းမရှိဘဲ အောက်ပါ ပြစ်ဒဏ်များမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ကျင့်လွန်ခဲ့ပါက  ပြစ်ဒဏ်၏ ပြင်းထန်မှုအပေါ်မူတည်၍ နှုတ်ဖြင့်သတိပေးခြင်း၊ အဝါကဒ် သို့မဟုတ် အနီကဒ် အစရှိသော ဒဏ်ရိုက်ခြင်းများ ချမှတ်ရန် စဉ်းစားဆုံးဖြတ်ပေးသွားမည်။

အဝါကဒ်ရရှိလျှင်ရရှိမည့် ပြစ်ဒဏ်များမှာ

  • လက်ရှိပါဝင်သောကစားပြိုင်ပွဲနှင့် နောက်ပြုလုပ်မည့်ကစားပြိုင်ပွဲများတွင် ပါဝင်ခွင့်မရခြင်

အနီကဒ်ရရှိလျှင်ရရှိမည့် ပြစ်ဒဏ်များမှ

  • ပြိုင်ပွဲမှထုတ်ပယ်ခြင်း
  • ကစားပြိုင်ပွဲမှ ထုတ်ပယ်ခြင်း
  • ပွဲပယ်ခံရခြင်း
  • ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရခြင်း
  • ဆုကြေးငွေ နှင့် အခြားဆုများအား မရရှိခြင်း

Timeline Breakdown

  • ဇူလိုင်လ ၃ရက်နေ့ကနေ ၉ရက်နေ့အထိက  Varsity League ကနေ Register Linkတွေ ဖွင့်ပေးမှာဖြစ်ပြီး တက္ကသိုလ်တိုင်းက အသင်းတွေက Direct Register ရမှာဖြစ်ပါသည်။
  • ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ တက္ကသိုလ်အလိုက် Confirmed Team Listကို အတည်ပြုပေးမှာဖြစ်ပါသည်။
  • ဇူလိုင်လ ၁၂ရက်နေ့ကနေ ၁၄ရက်နေ့အထိမှာ Varsity League ကနေ Online University Qualifier (Format- Single Elimination) တွေကျင်းပမှာဖြစ်ပြီးတော့ UEAရှိပြီးသား ကျောင်းတွေ အနေနဲ့ မိမိတက္ကသိုလ်မှာ ကိုယ်တိုင် Qualifier ကိုကျင်းပခွင့်ရှိပါသည်။
  • University Qualifierက‌နေနိုင်လာတဲ့ ကျောင်း Representative အသင်းတွေက ၁၆ရက်နေ့ကနေ ၁၇ ရက်‌နေ့အထိက Regional Qualifierယှဉ်ပြိုင်ရမှာဖြစ်ပြီး Region တစ်ခုကို 16သင်းသာ Group Stageကို တက်ရောက်နိုင်မှာပါ။ (Yangon Region, Others Region, Private Universities ဆိုပြီး Region 3ခု ရှိပါတယ်။)