
Regional Group Stage: The Overall Standings Are Here 🚀⚔️
အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ အချိန်ရောက်ရှိလာပါပြီ✨
Rise of Varsity League (ROVL) Mobile Legends: Bang Bang Tournament ရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ Regional Group Stage (ဒေသအလိုက် အုပ်စုပွဲစဉ်များ) မှ နောက်ဆုံး စုစုပေါင်း ရပ်တည်မှုများကို ယခုအခါ ဂုဏ်ယူစွာဖြင့် ထုတ်ပြန်ကြေညာလိုက်ရပါတယ်။ ပြီးခဲ့တဲ့ ရက်များအတွင်း ဒေသအသီးသီးမှ တက္ကသိုလ်ကိုယ်စားပြုအသင်းများဟာ မိမိတိုဒေသအတွက် စွမ်းရည်အပြည့်နဲ့ အကြိတ်အနှယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ထိုပြင်းထန်တဲ့ ပွဲစဉ်တွေရဲ့ ရလဒ်အဖြစ်၊ နောက်တစ်ဆင့်ဖြစ်တဲ့ ROVL Group Stage သို တက်လှမ်းခွင့်ရရှိခဲ့တဲ့ ထူးချွန်တဲ့ အသင်းများစာရင်းနှင့် အုပ်စုသုံးခုရဲ့ စုစုပေါင်း ရပ်တည်မှုအခြေအနေများကို ဖော်ပြလိုက်ပါတယ်။ ROVL ချန်ပီယံဆုဖလားဆီ ဦးတည်သွားမယ့် နောက်ဆုံးအဆင့်ဖြစ်တဲ့ Varsity League Group Stage ပွဲစဉ်တွေကိုတော့ မကြာမှီ ရက်ပိုင်းအတွင်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားတော့မှာဖြစ်လို ROVL ရဲ့ Official Social Media Channels များကို စောင့်မျှော်ကြည့်ရှုဖိုအတွက် ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။ ပွဲစဉ်ဇယားနှင့် တိုက်ရိုက်ထုတ်လွှင့်မည့်ရက်များကိုလည်း သိပ်မကြာခင် ထုတ်ပြန်ပေးသွားပါမယ် 👀 ROVL Official Live
Streaming Channels 📺🎮
Facebook - https://www.facebook.com/share/1CCwpyf6gj/
Youtube - https://www.youtube.com/@varsityleagueUEN
#UEN #MESF #UniversityEsports #RiseOfVarsityLeague
#RegionalGroupStage #MyanmarEsportsCommunity
#Esports